ချစ်သူငယ်ချင်း အောင်နန်းဦးရဲ့ မိခင် ဆုံးပါးသွားတဲ့အကြောင်း ဧပြီလ ၁၂၊ ၂၀၀၇ မှာ ကြားသိလိုက်ရပါတယ်။ ဗိုလ်တထောင်(၅)မှ သူငယ်ချင်းများအားလုံး သိရအောင် ဒီသတင်းလေးကို ရေးပို့ပေးလိုက်ပါတယ်။ သူငယ်ချင်းများအားလုံး အောင်နန်းဦးတို့ မိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြရကြောင်း ဒီနေရာကနေပြီး သူငယ်ချင်းအားလုံးရဲ့ ကိုယ်စား ဒီမှတ်တမ်းလေးကို ရေးပေးလိုက်ပါတယ် ခင်ဗျား။
Aung Nan Oo's Mom
emotion
Gu Gu
Saturday, April 14, 2007
1 comments
ဆရာဇော်ဂျီ နှစ်တရာပြည့် အမှတ်တရ
ဒီကဗျာလေးကို ဆရာဇော်ဂျီက ၁၉၃၅ ခုနှစ် လွတ်လပ်ရေး မရခင်မှာ ရေးသားခဲ့ပါတယ်။ ကဗျာလေးရဲ့ နာမည်ကတော့ “တို့တိုင်းပြည်” လို့ အမည်ရပါတယ်။
ထလော့ မြန်မာ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ ဒို့ရွာမြေဝယ်
စေတီ စပါး များလဲများ၏။
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
ယာစကာမျိုး တညှိုးညှိုးနှင့်
အဘိုးမြန်မောင်း
ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့ မြန်မာ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ ဒို့ရွာမြေဝယ်
ရေချိုသောက်ရန်
မြစ်ချောင်းကန်နှင့်
သီးနှံ့ချိုမြ
များလဲများ၏
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ
ကာလကြာလျှင်
မြင်သာမြင်ရ
မစားရ၍
တောကပြိတ္တာ
ဖြစ်မည်တည်း။
emotion
Kyaw Moe Nyan
0
comments
Subscribe to:
Posts (RSS)