ဥာဏ်သမား

လိပ်ပြာ၏ရန်၊ ပိတုန်းလှန်လည်း

ပန်းမာလ်တို့တွက် မဟုတ်ခဲ့။

ကျားအန္တရာယ်၊ မုဆိုးကယ်လည်း

သားငယ်တို့တွက် မဟုတ်ခဲ့။

ပိတုန်း လိပ်ပြာ၊ လှည့်ကွက်ရှာပြီ

ပန်းမာလာတို့ ညီညွတ်ကြ။

မုဆိုးနှင့် ကျား၊ ဥာဏ်ကစားပြီ

သားငယ်တို့လည်း ညီညွတ်ကြ။


(ဆရာကြီး) တင်မိုး

-လှေတစင်းနှင့်သီချင်းသည် (တတိယအကြိမ် ၁၉၇၂) သန်းဌေးစာပေ၊ရန်ကုန်မြို့

ငယ်ငယ်တုန်းက

၉တန်းလောက်က အဖြစ်အပျက်တခုပါ။ ဘယ်လိုမှမေ့မရလို့ ရေးလိုက်တာ။

ကျနော်တို့တစ်သိုက်ငယ်ငယ်က အတော်ဆိုးပါတယ်။ ဂုဏ်ယူပြီးပြောတာ တော့မဟုတ်ပါဘူး။ လူငယ်သွေးတက်တွေဆိုတော့ အကုန်လုပ်ကြပါတယ်။ (မူးယစ်ဆေးဝါးကလွဲလို့ပေါ့) လောင်းကစားလေးလဲတခါတလေလုပ်ကြတယ်။ တနေ့ကြတော့ ကျနော့်တို့အတန်းက အတန်းပိုင်ဆရာမ အဲဒီအကြောင်းကို သိသွားတယ်။ သိသွားပုံက သူ့ကျူရှင်မှာ လာတက်တဲ့ သူတွေကို သူကိုင်တဲ့အခန်းကကျောင်းသားတွေ ဘယ်လိုတော်ကြောင်း ပြောပြောပြတော့ ကျနော်တို့နဲ့ဖဲရိုက်ဖော် သူ့ဝိုင်းကတပည့်တွေက မခံနိုင်လို့ ဆရာမတပည့်တွေထဲမှာလဲ စုန်းပြူးတွေ အများကြီးပါလို့ ပြောရာကနေ ပေါ်ပါလေရော။

ကျောင်းဆရာမတင်တဲ့ ကျူရှင်ဝိုင်းကို ဆရာမ အအောင်ပေးရင်ပြီးရော ဆိုတဲ့သူတွေဘဲ တက်ကြပါတယ်။ပုံမှန်အားဖြင့်တော့ နည်းနည်းညံတဲ့ ကျောင်းသားတွေပေါ့။ တော်တဲ့ကျောင်းသားတွေက အပြင်မှာနာမည်ကြီးတဲ့ဝိုင်းတွေမှာတက်ကြတယ်။ ကျနော်တို့ကတော့ ဥာဏ်ကောင်းလူပေတွေဆိုတော့ ကျူရှင်ကို အပြင်မှာယူပြီး ကျူရှင်မတက်ဘဲပြေးကြပါတယ်။ တခါတလေ ကျူရှင်လခ တောင် မပေးဘဲ ကြွေးကျန်ထားတတ်ကြပါသေးတယ်။ အဲဒါကိုဆရာမကသိသွားပြီး အတော်စိတ်ဆိုးတယ်။

နောက်တနေ့ကျနော်တို့တသိုက်ကလည်း ကံဆိုးစွာနဲ့ကျောင်းတက်ခဲ့ပါတယ်။ (ကျောင်းက လည်း တပတ်ကိုပုံမှန်၂ရက်လောက်လစ်နေကြ)။ ဆရာမမှာ သူကျူရှင်မှာ သူကိုကျောင်းသား များက ပြန်ပြောတာခံနေရတဲ့တာတွေ၊ ကျနော်တို့တသိုက် သူ့ကျူရှင်မတက်တာတွေ အဲဒါတွေပေါင်းပြီး ကျနော်တို့ကို စာမေးပါတယ်။ သိကြတဲ့အတိုင်းပါဘဲ။ စာကို စာမေးပွဲ နီးမှ ကြည့်ရကောင်းမှန်းသိတဲ့ကျနော်တို့တစ်သိုက် သူမေးတာကိုမဖြေနိုင်ပါ။ အဲဒါနဲ့ ကျနော်တို့ကို ခုံပေါ်တက် မတ်တပ်ရပ်ခိုင်းပါတယ်။ အဲဒီလောက်ကတော့ ကျနော်တို့က ဘယ်မူပါ့မလဲ။ တက်တာပေါ့။

အဲဒီအခါကျမှ တသက်လုံး ရင်ထဲမှာ ၀င်သွားစေတဲ့ဆူးကြီးတချောင်းကို သူရိုက်ထည့် လိုက်ပါတယ်။ “အတန်းထဲကမိန်းကလေးတွေ ကြည့်ထားကြ။ ဒီကောင်တွေကို ဘယ်တော့မှ ရည်းစာထားဖို့လဲစိတ်မကူးနဲ့။ ယူဖို့လဲစိတ်မကူးနဲ့။ ဖဲသမားမယားဖြစ်သွားမယ်။ ဘ၀ပျက် သွားမယ်။” ကျနော်တသက်မှာ အဲဒီတုန်းကလောက် စိတ်တို၊၀မ်းနည်း၊ သေးသိမ်တာ တခါမှမရှိခဲ့ပါဘူး။ အဲဒီနေ့ကစပြီး သူ့အချိန်ကို ဘယ်တော့မှ မတက်တော့ပါဘူး။ ရအောင်ပြေးပါတယ်။ ကျောင်းတက်တဲ့နေ့မှာတောင် သူ့အချိန်ပါရင် အခြားအခန်းမှာ သွားထိုင်နေတတ်တယ်။

အသက်၁၅နှစ်သာသာရှိတဲ့ကျောင်းသားလေးတွေ ဒေါသဂတိနဲ့ ပြောခဲ့တဲ့ ဆရာမ ကို အခု အသက်၃၀မှာ စိတ်မဆိုးတော့ပေမဲ့ ရင်ထဲကဆူးကတော့ ဘယ်တော့မှနုတ်လို့ရမှာ မဟုတ်တာတော့ အမှန်ပါ။ ဘယ်သူတွေမှားတယ် ဘယ်သူတွေမှန်တယ် ဆိုတာကို ဆရာလုပ်ပြတာမဟုတ်ပါ။ ငယ်ငယ်က တကယ်ကိုမမေ့နိုင်တဲ့အကြောင်းလေး ရင်ဖွင့်တာပါ။

ဝေဖန်ခံစားနိုင်ကြပါတယ်။

မှတ်ချက်။ ။ ကျနော်မိန်းမ ဘ၀မပျက်သေးပါ။ ဖဲသမားမယားလဲ မဖြစ်သေးပါ။

နေရာသစ်

ကျွန်တော်တို့ ဗိုလ်တထောင်(၅) ရဲ့ နဂိုမူလ Netfirms မှာ ရှိနေတဲ့ website ဟောင်းကို Google Pages ပေါ် ရွှေ့ပြောင်းလို့ ပြီးစီးသွားပါပြီ ခင်ဗျား... အခုချိန်မှ စပြီး ဗိုလ်တထောင်(၅) website ကို http://www.bo5.us နှင့်သော်လည်းကောင်း၊ http://botataung5.googlepages.com နှင့်သော်လည်းကောင်း.. လာရောက် လည်ပတ်နိုင်ပါတယ်... ဗိုလ်၅ ဘလော့ဂ် ရဲ့ template ကိုလဲ website ရဲ့ ဒီဇိုင်းနဲ့ ကိုက်ညီအောင် ပြင်ဆင်ပြီးစီးသွားပါပြီ... နောင်များမှာ ဗိုလ်၅ နဲ့ ပတ်သက်တာလေးတွေ သိရအောင် ရေးပြီး တင်ပေးမယ်လို့ စဉ်းစားထားပါတယ်...

Education Corner

မနေ့ကရုံးပိတ်ထားလို့ မြန်မာ ဖိုရမ်တွေ၊ မြန်မာ blogs တွေလျှောက်ကြည့်ရင်းနဲ့ Myanmarbloggers forum မှာ ပညာရေးဆွေးနွေးချက်လေးသွားတွေ့တယ်။ နိုင်ငံပေါင်းစုံကမြန်မာတွေ နည်းလမ်းတွေ တစ်ယောက်ကိုတစ် ယောက်မျဝေထားတာလေးတွေကို သဘောကျမိပါတယ်။ စိတ်ဝင်စားရင် သွားကြည့်ကြပါ။ ၀င်ရေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။

Education Conrner

Aung Nan Oo's Mom

ချစ်သူငယ်ချင်း အောင်နန်းဦးရဲ့ မိခင် ဆုံးပါးသွားတဲ့အကြောင်း ဧပြီလ ၁၂၊ ၂၀၀၇ မှာ ကြားသိလိုက်ရပါတယ်။ ဗိုလ်တထောင်(၅)မှ သူငယ်ချင်းများအားလုံး သိရအောင် ဒီသတင်းလေးကို ရေးပို့ပေးလိုက်ပါတယ်။ သူငယ်ချင်းများအားလုံး အောင်နန်းဦးတို့ မိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြရကြောင်း ဒီနေရာကနေပြီး သူငယ်ချင်းအားလုံးရဲ့ ကိုယ်စား ဒီမှတ်တမ်းလေးကို ရေးပေးလိုက်ပါတယ် ခင်ဗျား။

ဆရာဇော်ဂျီ နှစ်တရာပြည့် အမှတ်တရ

ဒီကဗျာလေးကို ဆရာဇော်ဂျီက ၁၉၃၅ ခုနှစ် လွတ်လပ်ရေး မရခင်မှာ ရေးသားခဲ့ပါတယ်။ ကဗျာလေးရဲ့ နာမည်ကတော့ “တို့တိုင်းပြည်” လို့ အမည်ရပါတယ်။

ထလော့ မြန်မာ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ ဒို့ရွာမြေဝယ်
စေတီ စပါး များလဲများ၏။
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
ယာစကာမျိုး တညှိုး
ညှိုးနှင့်
အဘိုးမြန်မောင်း
ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့ မြန်မာ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ ဒို့ရွာမြေဝယ်
ရေချိုသောက်ရန်
မြစ်ချောင်းကန်နှင့်
သီးနှံ့ချိုမြ
များလဲများ၏
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ
ကာလကြာလျှင်
မြင်သာမြင်ရ
မစားရ၍
တောကပြိတ္တာ
ဖြစ်မည်တည်း။

My Father


အဖေဆုံးပြီ။ လူတိုင်းတစ်နေ့မှာကြုံတွေ့ရမယ်ဆိုတာတော့သိပါတယ်။ သို့သော် တကယ်တမ်း ရင်ဆိုင်ရတဲ့အခါကြတော့ ဘယ်လိုမှ အစားထိုးလို့မရတဲ့ဆုံးရှူံးမူဆိုတာသိလိုက်ရတယ်။

အဖေဟာသူရဲကောင်းတစ်ယောက်မဟုတ်ခဲ့ပါ။ ကျနော်တို့အတွက်တော့သူဟာသတ္တိရှိတဲ့သူတစ်ယောက်ပါ။

အဖေဟာသူတော်စင်တစ်ယောက်မဟုတ်ခဲ့ပါ။ မိသားစုအပေါ်မှာတော့ဖြူစင်တဲ့သူတစ်ယောက်ပါ။

အဖေဟာခိုင်မာလှတဲ့သူတစ်ယောက်မဟုတ်ခဲ့ပါ။ ငါအတွက်တော့ကျောက်တိုင်ကြီးလိုပါဘဲ။

လောကကြီးကိုနေတတ်အောင်သင်ပြခဲ့တဲ့အဖေတစ်ယောက်အတွက် ကျနော်အကောင်းဆုံးနေပြရင်းနဲ့ ကန်တော့လိုက်ပါတယ်။ အဖေကျေနပ်နိုင်ပါစေ။

Soe Thuka's wedding

စိုးသုခရဲ့ မင်္ဂလာပွဲ

စိုးသုခတို့ စုံတွဲကလဲ ဖေဖေါ်ဝါရီလ ၂၅၊ ၂၀၀၇ မှာ လက်ထပ်ပွဲလေး ကျင်းပသွားခဲ့ပါတယ်။ သတို့သမီးရဲ့ နာမည်လေးတော့ မမေးလိုက်မိလို့ နောင်များမှပဲ ပြန်ရေးပေးပါတော့မယ်။ သူတို့ရဲ့မင်္ဂလာဆောင်က တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော့်ရဲ့ မွေးနေ့မှာ ကျင်းပသွားခဲ့တာပါ။

BO5 Blog blackout

Blogger mistakenly blocked access to BO5 Blog a week ago. The reason was Blogger's spam engine marked BO5 as a spam blog by mistake. This issue has been resolved with Blogger. We apologize for any inconveniences that might have caused our readers during the blackout.

Wedding of Tin Oo and Tin Zar Mon

ကိုတင်ဦး နဲ့  မတင်ဇာမွန် တို့ ရဲ့  မင်္ဂလာဆောင်

သူတို့ နှစ်ယောက်လဲ မင်္ဂလာဆောင်လိုက်ကြပြီ ခင်ဗျ။ ရပ်နီးရပ်ဝေးက သူငယ်ချင်းများ အားလုံးက ဆုမွန်ကောင်းများ တောင်းပေးလိုက်ပါတယ်။ ရန်ကုန်က သူငယ်ချင်းများ လဲ မင်္ဂလာဆောင်မှာ ဝင်ဟဲလိုက်ကြပေါ့ ခင်ဗျာ။

Do you want to see who is visiting BO-5?

I just found this service on the web. It looks great using Google Maps. You can see where our blog visitors are from. Nice to know there are visitors from around the world.

To see the map, click on this link.

Myanmar mp3 download

I have been thinking about uploading some of my mp3 files for you guys to listen. Now I have Myo Gyi's Nate Ta Du Wa for you here on BO-5. I am still testing the water with this one and more will come in the future. I might reorganize the folder structure to make it easy for browsing.

For now, just go to my vault to listen Myo Gyi's new series Nat Ta Du Wa. Enjoy the music. If you like it, buy it. If you can't buy it or don't want to buy copies, then donate that money to less fortunate children. You know what I mean.

25GB of online storage for free

AMD Live! Media Vault is offering 25GB of online storage for free. All you need to do is sign up and create an account. You can store your photos, music, video, etc. in this vault. One of the great features is you can host your uploaded files from their site. So, if you want a media host for your blog, you can use that feature.

For more information, go to http://amd.streamload.com/.

The only catch is that you have 1GB bandwidth limit for each month. That doesn't include your uploads so you can upload as much as you want.

I have been using this media vault for a while and I like its features and performance. I use primarily to backup my photos.

Burmese wine from Yaw

ပေပင်ကျရည်နဲ့ ယောလူငယ်တို့ဓလေ့

ထန်းပင်နဲ့ပုံသဏ္ဌာန်ဆင်တူပေမယ့် လုံးပတ်ရော၊ အခက်အလက်ရော၊ အရပ်အမောင်းရောပိုပြီး မြင့်မားကြီးထွားတာက ပေပင်ပါပဲ။ ရှေးတုန်းကပေရွက်ကို ကညစ်နဲ့ခြစ်ပြီး စာပေရေးသားခဲ့ကြတယ်။ ထန်းပင်က တစ်နှစ်တစ်ကြိမ်သီးခိုင်၊ ထန်းနို့ခိုင်ထွက် ပေမယ့် ပေပင်က တော့တစ်ကြိမ်သီးပြီးရင် သက်တမ်းကုန်တယ်။ ဒါကြောင့် ပေတစ်သီး၊ ကျီးတစ်သားလို့ ဆိုစမှတ်ပြုခဲ့တာ ပါ။ သက်တမ်းရင့်ပေပင်ရဲ့အညွန့်က အရွက်အစားအဖူးခိုင်ကြီးထွက်လာတယ်။ ရှစ်ပေခန့်မြင့်ပါရဲ့။ အဲဒီအဖူးကြီးကနေ အကိုင်း တွေချည်းဖြာထွက်ပြီး အသီးလေးတွေစီရရီနဲ့ လှမှလှ။ ပေသီးက ကွမ်းသီးလုံးအရွယ်ခန့်၊ အခွံမာပြီး အစိမ်းရောင်ဖုံးထားတယ်။ အသီးနုလေးကိုခွဲစားရင် အရည်တည်ခါစမို့ အချိုလေးပြီး အနေတော်ရင့်လာရင် ထန်းသီးဆန်အရသာမျိုးရှိတယ်။ ဒီထက်ရင့် သွားရင်တော့ အဖန်ဓာတ်ပိုလာပြီး ပျဉ်းတွဲတွဲမို့ တထုတ်ထုတ်သာဝါးပေရော့ပဲ။ ဒီထက်ရင့်ရင်တော့ မ၀ါးနိုင်တော့ဘဲ ကလေးတွေက ပေသီးအဖြစ်ကစားလေ့ရှိကြတယ်။ မန္တလေးမှာ ပေသီးဝယ်တဲ့ ပွဲရုံတချို့ရှိတာကြောင့် တခြားအသုံးတော့ရှိမှာပါ။ ထန်းပင်ပေါတဲ့ ဒေသတွေမှာတော့ ပေရည်မယူတော့ဘဲ သီးပွင့်ပြီးေ
ပေရည်ယူပုံက ထန်းလှီးတာနဲ့ သဘာဝချင်းအတူတူပါပဲ။ ပေပင်ရဲ့ အဖူးခိုင်ကို အရည်ယူမယ်ဆိုရင် ထန်းနို့ကို ကလိုင်နဲ့ညှပ်ပြီး နာအောင်ထုသလိုမျိုး ရုံးပင်ကအသားနဲ့ နာအောင်ညှပ်တယ်။ ရုံးပင်ကမဆတ်တဲ့အပြင် ဘယ်လိုဆွဲဆွဲမကျိုးဘူး။ ၀ါးထက် တောင်ကောင်းသေးတယ်။ အဲဒီရုံးပင်ထွာဆိုင် လောက်အတုတ်နဲ့ညှပ်လို့ နာပြီဆိုမှ ကျွမ်းကျင်တဲ့ ပေဆရာက လှီးပါတယ်။ ထန်းရည် ထွက်နှုန်းကပုံမှန် ထန်းတစ်စကို မြူအိုးတစ်လုံး၊ ထွက်နှုန်းကောင်းလွန်းတဲ့အပင်ကို မြူအိုးနှစ်လုံးဆင့်ဆွဲရင် လုံလောက်ပေမယ့် ပေရည်ကတော့ စဥ့်အိုးအလတ် (၃)လုံးလောက်ကို ရေတံလျှောက်နဲ့ ခံထားပေးရတယ်။ ဒါကြောင့်ထန်းပင်မှာ မြူအိုးကို ကြိုးနဲ့ဆွဲရုံနဲ့ရပေမယ့် ပေပင်ကတော့ ၀ါးငြမ်းပေါ်မှာ သစ်သားပြားတွေခံပြီး စဥ့်အိုးတွေနဲ့ ပေရည်ခံရတာပါ။ ပေရည်အချိုကို အခါးအရသာနဲ့သုံးဆောင်လိုရင် အလင် (အရက်ဖိုက စိမ်ရည်အဖတ်၊ အနှစ်)နဲ့တည်ယူတယ်။ တချို့က အပင်ပေါ်မှာ အခါးတည်လို့ ပေပင်ကျရည်ရသလို အောက်ရောက်မှ တည်သူလည်းရှိတယ်။ စဥ့်အိုးတွေထဲက ပေရည်ကို ၀ါးကျည်တောက်ထဲ ထည့်ပြီးအောက်ကို ကြိုးနဲ့ချပေးပါတယ်။ ဆောမြို့သား ကိုဌေးဝင်း (အလှဘဏ်၊မန္တလေး)က ကျွန်တော်တို့ဆောမှာလည်း ပေပင်တွေတအားပေါတော့ ဖူးတံ ထွက်ပြီဆိုတာနဲ့ ပိုင်ရှင်ကပေဆရာကိုခေါ်ပြီး ပေရည်ယူသလို တချို့ကအပင်လိုက် ရောင်းကြတယ်။ လွန်ခဲ့တဲ့(၁၆)နှစ်က ပေပင် သုံးပင်ရဲ့တန်ဖိုးက ကျပ် တစ်သောင်းမပြည့်ပါဘူးတဲ့။ ပေပင်ဝယ်သူက ၀ါးခြမ်း၊ စဥ့်အိုးစတဲ့ လိုတာအကုန်စီစဉ်ပေးရပြီး ပေဆရာ အတွက် လုပ်အားခက ပထမတစ်လစာရဲ့တစ်ဝက်ကို ပေးရတယ်။ နောက်လတွေကျတော့ မပေးရတော့ဘူး။ ပေဆရာကလည်း တစ်လလောက်ပဲ လှီးပေးပြီး ပိုင်ရှင်ရဲ့လူကိုလှီးနည်းသင်ပေးခဲ့တယ်။ တကယ့်ပညာခန်းက ပေရည်ထွက်အောင်ညှပ်တဲ့၊ ထုတဲ့ အချိန်ကိုး။ ဒီတော့ ကိုယ့်ဘာသာဆက်လှီးပေတော့ပေါ့လေ။ ပေရည်ထွက်တာက ပထမလမှာ စထွက်ထွက်ချင်း(၁၀)ပုလင်းလောက် ကနေ တဖြည်းဖြည်းချင်းများလာတာ ပုလင်း(၁၀၀)လောက်အထိ ရောက်တယ်။ ပေရည်ရတဲ့(၃)လ လောက်အတွင်းမှာတော့ တဖြည်းဖြည်းပြန်လျော့သွားတယ်။ အဲဒီတုန်းက ပေရည်တစ်ပုလင်းမှ အချိုရော၊ အခါးရော ဈေးတူသုံးကျပ်စီပဲရောင်းတယ်။ ရာသီဥတုပူတဲ့နေ့ဆိုရင် တစ်ယောက်ကို (၁၅)ပုလင်း အထိကုန်တယ်။ ပေရည်နဲ့ဝက်သား မတည့်ဘူးဆိုပေမယ့် ၀က်ဆီဖတ် ကြော်တို့ ပဲကြီးလှော်တို့နဲ့ မြည်းလေ့ရှိတယ်။ ပေရည်အခါးက ဒီနေ့ရောင်းလို့မကုန်လည်း နောက်ရက်မှာ ကျန်တာကို အဲဒီနေ့မှာ ထွက်တဲ့ အသစ်နဲ့ထပ်ရော၊ အရသာပိုလေးပြီး သောက်လို့ကောင်းတယ်လို့ပြောပြပါတယ်။
ဒေါက်တာသက်လွင်က ၂၀၀၀ပြည့်နှစ် စာပေဗိမာန်စာမူဆု၊ စာပဒေသာဒုတိယဆုရတဲ့ ပုဂံအနောက်ခရီးတစ်ခေါက်စာအုပ်ထဲ မှာ သူ့ရဲ့ပေပင်ကျရည်အတွေ့အကြုံကို ရေးသားခဲ့ပါတယ်။ ယောဒေသရဲ့ ထုံးစံက ပေရည်ယိုလာပြီဆိုရင် ၀ါးလင့်စင်ကြီးထိုးတဲ့ပြီး ညနေမှာ လူငယ်တွေစုကာ ပေရည်သောက်လေ့ရှိတယ်။ ပေပင်ပေါ်တက်ဖို့ ၀ါးတစ်လုံးကိုသာ ဘေးကအတက်လေးတွေကို နင်းပြီး လှေကားသဖွယ်ထောင်ထား ပေမယ့် (၉)နှစ်ဝန်းကျင်ကလေးတွေအပြင် အမျိုးသမီးများလည်းတက်၍ သောက်ကြပါတယ်။ သူရောက်သွား ချိန်တုန်းက ပေပင်ပေါ်မှာ လူငယ် (၂၀)ခန့်ကိုတွေ့ပါသတဲ့။ ပေရည်သောက်ချင်ရင် ဘယ်လောက်ပဲ ခင်မင်ရင်းနှီး ပါစေ အောက်သို့ချမပေး၊ ပေပင်ပေါ်ကိုသာ တက်သောက်ရပါတယ်။ လူငယ်တွေ အလွန်အကျွံမဖြစ်စေဖို့၊ ခိုက်ရန်ဖြစ် ရင်လည်း လိမ့်ကျနိုင်လို့ပါ။ ဒီတော့ ပေပင်ပေါ်ကိုတက်နိုင်ရင် ဆင်းနိုင်အောင်သာသောက်ကြပေရော့။ မူးရန်မဟုတ်၊ အပျော်သက်သက်မို့ ကလေး၊ လူကြီးတွေ တပျော်တပါး ဆင်းချည်တက်ချည်ရှိနေတယ်လို့ ရေးခဲ့ပါတယ်။ကိုယ့်ရပ်ရွာရေမြေက သဘာဝရဲ့ အသီးအပွင့်ကို ရယူခံစားကြရင်း ချစ်ခင်ရင်းနှီးစွာတပျော်တပါးဖြင့် အေးချမ်းစွာနေထိုင် ကြတဲ့ဓလေ့ကို ပီတိလည်းဖြစ်မိပါရဲ့။

ကိုညိုလုံး
မှတ်ချက် - ကိုညိုလုံး ရဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ ထန်းရည် နစ်သက်သူ ကျွန်တော်တို့  သူငယ်ချင်း တစုအတွက် အမှတ်တရပေါ့။

(Source: http://popularmyanmar1.com/cms/index.php?Pop_Journal_01%28New%21%21%21%29:Ko_Nyo_Lone )

Myanmar blogs on Blogger

Font နဲ့ ပတ်သက်တဲ့တာတွေ အားလုံး ပြီးသွားပါပြီ။ Blogger ပေါ်မှာ မြန်မာ blog တွေ တော်တော်များတာ အခုမှပဲ သိလိုက်ရပါတယ်။ အခုလို မြန်မာတွေ online မှာ တွေ့ ရတာ ၀မ်းသာစရာပါ။

How to add CSS style for Zawgyi-One font in your post

There are two ways of posting in Myanmar using Zawgyi-One font. Both will work fine but the first one is the right way of doing it with CSS in my opinion. Also, Zawgyi font looks good with Internet Explorer if it is set to display correct size but not in Firefox. In Firefox, Zawgyi font looks unclear but readable.
Currently, I am using font-size:small and font-weight:500 (which looks a little sharper than normal) for the posts. My screen resolution is set to 1280x1024 when I view them so they may look slightly different if you are using other screen resolutions.

First Method

  1. Go to your blog.
  2. Click on "Settings" tab.
  3. Click on "Formatting".
  4. Scroll down until you find "Post Template" text box.
  5. Copy and paste the following CSS style in Step.6.
  6. <span lang="MY" style="font-family:Zawgyi-One,ZawgyiOne,Zawgyi1,Verdana;font-size:small;font-weight:500;"> ...????????????... </span>
  7. Replace ???????????? with any Myanmar word you typed using Zawgyi font. Note: You may not see that Myanmar word in the text box but a few squares. That's ok.
  8. Click "Save Settings".
  9. Done. That's it.

Second Method

  1. Go directly to "Posting" and then click on "Create".
  2. Click on "Edit Html" option.
  3. Copy and paste the following CSS style in Step.4.
  4. <span lang="MY" style="font-family:Zawgyi-One,ZawgyiOne,Zawgyi1,Verdana;font-size:small;font-weight:500;"> ...????????????... </span>
  5. Go back to "Compose" window and start typing in Myanmar. Replace ???????????? with any Myanmar word.

Note: Don't forget to change your keyboard from English to Zawgyi Myanmar Unicode Keyboard in the langauge bar.

Trick: You can put your post message between the tags <span lang="MY" style="font-family:Zawgyi-One,ZawgyiOne,Zawgyi1,Verdana;font-size:10pt;"> Your Myanmar language post here. </span> and make Internet Explorer display your font in 10pt, which looks really good. However, the problem is that you cannot put 10pt in the first method because Blogger will automatically change it to font-size:10, which is much smaller than 10pt font. On Firefox, this trick will not affect the look also.

Ref: http://www.planet.com.mm/forums/?linkpage=topic&forum_id=85&Topic_Id=53341

Other resources:

  1. http://nyilynnseck.blogspot.com/2006/08/how-to-assign-zawgyi-one-font.html
  2. http://mghla.blogspot.com/2006/10/eot.html

Zawgyi-One font in different weight

(font-size:small;font-weight:400) လေးဖြူ ရဲ့  ကန္တာရလမင်း

(font-size:small;font-weight:500) လေးဖြူ ရဲ့  ကန္တာရလမင်း

(font-size:small;font-weight:600) လေးဖြူ ရဲ့  ကန္တာရလမင်း

(font-size:small;font-weight:700) လေးဖြူ ရဲ့  ကန္တာရလမင်း

(font-size:medium;font-weight:400) လေးဖြူ ရဲ့  ကန္တာရလမင်း

(font-size:medium;font-weight:500) လေးဖြူ ရဲ့  ကန္တာရလမင်း

(font-size:medium;font-weight:600) လေးဖြူ ရဲ့  ကန္တာရလမင်း

(font-size:medium;font-weight:700) လေးဖြူ ရဲ့  ကန္တာရလမင်း

Zawgyi-One font in different sizes

(font-size:10) လေးဖြူ ရဲ့  ကန္တာရလမင်း

(font-size:14) လေးဖြူ ရဲ့  ကန္တာရလမင်း

(font-size:18) လေးဖြူ ရဲ့  ကန္တာရလမင်း

(font-size:22) လေးဖြူ ရဲ့  ကန္တာရလမင်း

(font-size:small) လေးဖြူ ရဲ့  ကန္တာရလမင်း

(font-size:medium) လေးဖြူ ရဲ့  ကန္တာရလမင်း

(font-size:large) လေးဖြူ ရဲ့  ကန္တာရလမင်း

(font-size:15px) လေးဖြူ ရဲ့  ကန္တာရလမင်း

(font-size:17px) လေးဖြူ ရဲ့  ကန္တာရလမင်း

(font-size:19px) လေးဖြူ ရဲ့  ကန္တာရလမင်း

Zawgyi-One font style and size are working now

အခုတော့ Zawgyi-One font နဲ့  အဆင်ပြေသွားပါပြီ။ Post Template ရဲ့  CSS code မှာ နဲနဲပါးပါး ပြင်လိုက်ရပါတယ်။ ဘယ်လိုလုပ်ရသလဲ ဆိုတာကိုတော့ How to add CSS style for Zawgyi-One font in your post မှာ ဖတ်ကြည့်  နိုင်ပါတယ်။

Still playing around with Myanmar font

အခုအချိန်ထိတော့ ကျွန်တော်တို့ တွေ မြန်မာ font နဲ့  လုံးလည်ချာလည် လိုက်နေတုံးပါပဲ။ နောက်တော့လဲ အဆင်ပြေသွားမယ်လို့  မျှော်လင့်ပါတယ်။ CSS နဲ့  ပတ်သက်ပြီး ဘာမှမလုပ်ရသေးတော့ ကြည့် ရတာ အဆင်မပြေရင် နားလည်ပေးကြပါလို့ ။