နေရာသစ်

ကျွန်တော်တို့ ဗိုလ်တထောင်(၅) ရဲ့ နဂိုမူလ Netfirms မှာ ရှိနေတဲ့ website ဟောင်းကို Google Pages ပေါ် ရွှေ့ပြောင်းလို့ ပြီးစီးသွားပါပြီ ခင်ဗျား... အခုချိန်မှ စပြီး ဗိုလ်တထောင်(၅) website ကို http://www.bo5.us နှင့်သော်လည်းကောင်း၊ http://botataung5.googlepages.com နှင့်သော်လည်းကောင်း.. လာရောက် လည်ပတ်နိုင်ပါတယ်... ဗိုလ်၅ ဘလော့ဂ် ရဲ့ template ကိုလဲ website ရဲ့ ဒီဇိုင်းနဲ့ ကိုက်ညီအောင် ပြင်ဆင်ပြီးစီးသွားပါပြီ... နောင်များမှာ ဗိုလ်၅ နဲ့ ပတ်သက်တာလေးတွေ သိရအောင် ရေးပြီး တင်ပေးမယ်လို့ စဉ်းစားထားပါတယ်...

Education Corner

မနေ့ကရုံးပိတ်ထားလို့ မြန်မာ ဖိုရမ်တွေ၊ မြန်မာ blogs တွေလျှောက်ကြည့်ရင်းနဲ့ Myanmarbloggers forum မှာ ပညာရေးဆွေးနွေးချက်လေးသွားတွေ့တယ်။ နိုင်ငံပေါင်းစုံကမြန်မာတွေ နည်းလမ်းတွေ တစ်ယောက်ကိုတစ် ယောက်မျဝေထားတာလေးတွေကို သဘောကျမိပါတယ်။ စိတ်ဝင်စားရင် သွားကြည့်ကြပါ။ ၀င်ရေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။

Education Conrner

Aung Nan Oo's Mom

ချစ်သူငယ်ချင်း အောင်နန်းဦးရဲ့ မိခင် ဆုံးပါးသွားတဲ့အကြောင်း ဧပြီလ ၁၂၊ ၂၀၀၇ မှာ ကြားသိလိုက်ရပါတယ်။ ဗိုလ်တထောင်(၅)မှ သူငယ်ချင်းများအားလုံး သိရအောင် ဒီသတင်းလေးကို ရေးပို့ပေးလိုက်ပါတယ်။ သူငယ်ချင်းများအားလုံး အောင်နန်းဦးတို့ မိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြရကြောင်း ဒီနေရာကနေပြီး သူငယ်ချင်းအားလုံးရဲ့ ကိုယ်စား ဒီမှတ်တမ်းလေးကို ရေးပေးလိုက်ပါတယ် ခင်ဗျား။

ဆရာဇော်ဂျီ နှစ်တရာပြည့် အမှတ်တရ

ဒီကဗျာလေးကို ဆရာဇော်ဂျီက ၁၉၃၅ ခုနှစ် လွတ်လပ်ရေး မရခင်မှာ ရေးသားခဲ့ပါတယ်။ ကဗျာလေးရဲ့ နာမည်ကတော့ “တို့တိုင်းပြည်” လို့ အမည်ရပါတယ်။

ထလော့ မြန်မာ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ ဒို့ရွာမြေဝယ်
စေတီ စပါး များလဲများ၏။
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
ယာစကာမျိုး တညှိုး
ညှိုးနှင့်
အဘိုးမြန်မောင်း
ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့ မြန်မာ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ ဒို့ရွာမြေဝယ်
ရေချိုသောက်ရန်
မြစ်ချောင်းကန်နှင့်
သီးနှံ့ချိုမြ
များလဲများ၏
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ
ကာလကြာလျှင်
မြင်သာမြင်ရ
မစားရ၍
တောကပြိတ္တာ
ဖြစ်မည်တည်း။

My Father


အဖေဆုံးပြီ။ လူတိုင်းတစ်နေ့မှာကြုံတွေ့ရမယ်ဆိုတာတော့သိပါတယ်။ သို့သော် တကယ်တမ်း ရင်ဆိုင်ရတဲ့အခါကြတော့ ဘယ်လိုမှ အစားထိုးလို့မရတဲ့ဆုံးရှူံးမူဆိုတာသိလိုက်ရတယ်။

အဖေဟာသူရဲကောင်းတစ်ယောက်မဟုတ်ခဲ့ပါ။ ကျနော်တို့အတွက်တော့သူဟာသတ္တိရှိတဲ့သူတစ်ယောက်ပါ။

အဖေဟာသူတော်စင်တစ်ယောက်မဟုတ်ခဲ့ပါ။ မိသားစုအပေါ်မှာတော့ဖြူစင်တဲ့သူတစ်ယောက်ပါ။

အဖေဟာခိုင်မာလှတဲ့သူတစ်ယောက်မဟုတ်ခဲ့ပါ။ ငါအတွက်တော့ကျောက်တိုင်ကြီးလိုပါဘဲ။

လောကကြီးကိုနေတတ်အောင်သင်ပြခဲ့တဲ့အဖေတစ်ယောက်အတွက် ကျနော်အကောင်းဆုံးနေပြရင်းနဲ့ ကန်တော့လိုက်ပါတယ်။ အဖေကျေနပ်နိုင်ပါစေ။

Soe Thuka's wedding

စိုးသုခရဲ့ မင်္ဂလာပွဲ

စိုးသုခတို့ စုံတွဲကလဲ ဖေဖေါ်ဝါရီလ ၂၅၊ ၂၀၀၇ မှာ လက်ထပ်ပွဲလေး ကျင်းပသွားခဲ့ပါတယ်။ သတို့သမီးရဲ့ နာမည်လေးတော့ မမေးလိုက်မိလို့ နောင်များမှပဲ ပြန်ရေးပေးပါတော့မယ်။ သူတို့ရဲ့မင်္ဂလာဆောင်က တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော့်ရဲ့ မွေးနေ့မှာ ကျင်းပသွားခဲ့တာပါ။

BO5 Blog blackout

Blogger mistakenly blocked access to BO5 Blog a week ago. The reason was Blogger's spam engine marked BO5 as a spam blog by mistake. This issue has been resolved with Blogger. We apologize for any inconveniences that might have caused our readers during the blackout.

Wedding of Tin Oo and Tin Zar Mon

ကိုတင်ဦး နဲ့  မတင်ဇာမွန် တို့ ရဲ့  မင်္ဂလာဆောင်

သူတို့ နှစ်ယောက်လဲ မင်္ဂလာဆောင်လိုက်ကြပြီ ခင်ဗျ။ ရပ်နီးရပ်ဝေးက သူငယ်ချင်းများ အားလုံးက ဆုမွန်ကောင်းများ တောင်းပေးလိုက်ပါတယ်။ ရန်ကုန်က သူငယ်ချင်းများ လဲ မင်္ဂလာဆောင်မှာ ဝင်ဟဲလိုက်ကြပေါ့ ခင်ဗျာ။

Do you want to see who is visiting BO-5?

I just found this service on the web. It looks great using Google Maps. You can see where our blog visitors are from. Nice to know there are visitors from around the world.

To see the map, click on this link.

Myanmar mp3 download

I have been thinking about uploading some of my mp3 files for you guys to listen. Now I have Myo Gyi's Nate Ta Du Wa for you here on BO-5. I am still testing the water with this one and more will come in the future. I might reorganize the folder structure to make it easy for browsing.

For now, just go to my vault to listen Myo Gyi's new series Nat Ta Du Wa. Enjoy the music. If you like it, buy it. If you can't buy it or don't want to buy copies, then donate that money to less fortunate children. You know what I mean.

25GB of online storage for free

AMD Live! Media Vault is offering 25GB of online storage for free. All you need to do is sign up and create an account. You can store your photos, music, video, etc. in this vault. One of the great features is you can host your uploaded files from their site. So, if you want a media host for your blog, you can use that feature.

For more information, go to http://amd.streamload.com/.

The only catch is that you have 1GB bandwidth limit for each month. That doesn't include your uploads so you can upload as much as you want.

I have been using this media vault for a while and I like its features and performance. I use primarily to backup my photos.